အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့်အထက်ရှိသူ များအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံမှုအား ယနေ့ နံနက် ၉ နာရီက မအူပင်မြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင်ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ Stay at Home ကာလ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ အပြင်ထွက်သွားလာရသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာစေရေး ယမန်နေ့က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကိုးခေါင် ရပ်ကွက် အတွင်းရှိ ကိုးခေါင်ပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သွားရောက် စစ်ဆေး ပေးခဲ့သည်။
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းဆွေဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဗလီခြံ ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံသာသနာ့ဗိမာန်တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူ (၄)ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်း ခွင့်ပြုလိုက်ရာ ဆေးရုံဆင်းခွင့်ရရှိသူ (၃၅၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
Sep 13,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ ၊ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များ တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။