စက်တင်ဘာ ၁၃
ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင်ယမန်နေ့ညနေ၅နာရီကမြို့အုပ်ချုပ်ရေးမှူးရုံးမှစာရေးဝန်ထမ်းများကကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးမှုများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ နှိုးဆော်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွါပါက နှာခေါင်း စည်း(Mask ) များတပ်ဆင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင် ကြရန်၊ ပြည်သူများအနေဖြင့် မလိုအပ်ပဲနေအိမ်ပြင်ပထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ ပါကနှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊တစ်ဦးနှင့်တစ်ဦးခြောက်ပေခွာ၍ လူစုလူဝေး များရှောင်ရှားကြရန်၊ မကြာခနလက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍မပျက်မကွက်စစ်ဆေးကုသမှုခံယူ ကြရန်စ သည့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ဆိုင်ရာ များကိုကျိုက်ဒုံ မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်