ကလေး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ထေကြီးဝါကြီး ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ခရစ္စယာန်အသင်းတော်များမှ သင်းအုပ်ဆရာ၊ ဆရာမများနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးခဲ့ရာတွင် မြို့နယ်စုပေါင်းရုံး (OSS)၊ မဟာစည်သာသနာ့ရိပ်သာ၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း (အမှတ်-၂)တို့၌ ထိုးနှံပေးခဲ့သော်လည်း ယခုဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုတွင် မြို့နယ် စုပေါင်းရုံး(OSS)၊ မဟာစည်သာသနာ့ရိပ်သာ၊ မြို့တော်ခန်းမ စသည့်သတ်မှတ်စုရပ် (၃)နေရာ တွင် ပုံမှန်အတိုင်း ကာကွယ်ဆေးများထိုးနှံပေးမည်ဖြစ်ပြီး အခြေခံပညာ အထက်တန်းကျောင်း (အမှတ်-၂)စုရပ်နေရာအား မြို့တော်ခန်းသို့ပြောင်းရွှေ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ၌ ဩဂုတ် (၁၆)ရက်နေ့ တွင် (၆၄၄)ဦး၊ ဩဂုတ် (၁၇)ရက်နေ့တွင်(၆၈၄)ဦး၊ ဩဂုတ် (၁၈)ရက်နေ့တွင်(၉၈၂)ဦးနှင့် ဩဂုတ် (၁၉)ရက်နေ့တွင် (၇၄၃)ဦး စုစုပေါင်း(၃၀၀၀)ဦးတို့ကို စက်တင်ဘာ(၁၃)ရက်နေ့မှ(၁၆) ရက်နေ့အထိ သတ်မှတ်စုရပ်နေရာများတွင် ကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မောင်ကျော်(ပြန်/ဆက်)