Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ် တုန်ဟုန်းခမ်းကျောင်းတိုက်နှင့် မြို့လယ်ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပ…
Sep 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကိုထိထိရောက်ရောက်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ပါးနှင့်အထက် စာသင်တိုက်/ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် ရဟန်းများ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာရှိ တုန်ဟုန်းခမ်းကျောင်းတိုက်နှင့် ပန်ဟိုက်ရပ်ကွက် (၅)ရှိ မြို့လယ်ကျောင်းတိုက် တို့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့စေတနာမွန်လူမှုကူညီရေးအသင်းသို့ အလှူငွေကျပ် (၈၀) သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများ လှူဒါန်း
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် စေတနာမွန်လူမှုကူညီရေးအသင်းသို့ တောင်ရပ် ကွက်နေ ဒေါ်သန်းသန်းအေး မိသားစုမှ အလှူငွေကျပ်(၈၀)သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် မြသိန်းတန်ဘုရားကြီး ပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်၊ သာမဏေများနှင့် ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ (RTD) Test Kit ဖ…
Sep 13,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ပရိယတ္တိ စာသင်တိုက်ကြီးမှ သံဃာတော် များ၊ သာမဏေများနှင့် ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရခြင်းရှိ/မရှိ (RTD) Test Kit ဖြင့် (အခမဲ့) ရောဂါ စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာ ရေးဝန်ထမ်း များက ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်ထံမှ သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက်ပြည်သူများအား စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်း ကပလောက်မြို့၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမတွင် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့တွင် အခြေခံလူတန်းစားအိမ်ထောင်စု(၂၁၄)စုအတွက် ဆန်များထောက်ပံ့လှူဒါန်း
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြန်မာမွတ်စ်လင်မ်လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ကာလ အခြေခံ လူတန်းစာများ စားဝတ်နေရေးပြေလည်စေရေးအတွက် ပထမအကြိမ် စုပေါင်းဆန် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီမှစ တင်၍ ဗိုလ်ချုပ်လမ်းမရှိ ဂျာမေဗလီကြီးတွင် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးTalk Showကျင်းပ
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၀)နာရီက စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာအသိပညာပေး TalkShowကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေး
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း စားဝတ်နေရေး အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် အခြေခံစားသောက်ကုန်များကို ဈေးကားများဖြင့် ဈေးနှုန်း သက်သာစွာ လှည့်လည်ရောင်းချ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25621
Page
25622
Page
25623
Page
25624
Current page
25625
Page
25626
Page
25627
Page
25628
Page
25629
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department