အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဇေယျဝတီကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိရာ ယမန်နေ့က လူနေခြံ ဝန်းအတွင်း မြေပျော့၍ သစ်ပင်လဲခြင်းကြောင့် သစ်ပင် ပိမိခဲ့သော နေအိမ်(၂) လုံးအား ယမန်နေ့နံနက်(၉) နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင်​​ သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ လူ​နေအိမ် (၁၀)လုံးခန့်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ မိုးရာသီ သစ်ပင်များစိုက်ပျိုးရန် အတွက် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်း
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေး ငယ်များ ကိုယ်အလေး ချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်း များကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။
Aug 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ကျေးလက်ဒေသရှိ
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အလယ်ကျေးရွာ (အလယ်ရွာလေး မြေတိုင်း−၂၂)ရှိ ထရန်စဖော်မာလမ်း၊ ဂန္ဓမာလမ်းများတွင် မိုးတွင်းကာလ သွာလာရေးအဆင်ပြေစေရန်နှင့် ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်ခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ရပ်/ကျေး အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအား (ဒုတိယအကြိမ်) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တတ်လျက်ရှိရာ ယနေ့တွင် မြစ်ကမ်းနံဘေး မြေနိမ့်ကျေးရွာများအပြင် ပန်းတောင်းမြို့ပေါ် ရပ်ကွက်များအထိ ရေဝင်ရောက်နေသဖြင့် မြို့နယ်အုပ် ချုပ်ရေးမှူးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ကယ်ဆယ်ရေးစခန်းများဖွင့်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။