တုံတာမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်း‌ ဆောင်ရွက်ပေးမှုနှင့်အတူ လက်ကမ်းစာစောင်များဖြန့်ဝေ

တုံတာ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် အတူ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်း‌ဖေနှင့်တာဝန်ရှိသူများ၊ တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများက တုံတာမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်လဲလှယ်ထုတ်ပေးခြင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်းများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း