အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးအရာရှိဦးအောင်မော် ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်၊ မြို့မ(၁)နှင့် မြို့မ(၂)ရပ်ကွက်အတွင်းရှိ  ပြည်သူများအိမ်ထောင်စု  လူဦးရေစာရင်း စိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ပေးသည်။
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (Covid 19 Ag Test)ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
Sep 14,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Sinopharm ကာကွယ်ဆေးကို  ပထမအကြိမ် ထိုးနှံခဲ့သူများကို သတ်မှတ်ထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် စက်တင် ဘာလ(၇)ရက်နေ့ထိ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပေးခဲ့ရာ ထိုးနှံပြီးသူ(၃၄၅၂)ဦးရှိပြီး ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ယနေ့နံနက် (၁၀)နာရီအချိန်တွင် စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ခြင်းဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီက သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၈၉၅ )ဦး ရှိလာကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 14,2021
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေး လိုက်လံ နှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို စက်တင်ဘာလ ၁၃ ရက် ညနေ ၄နာရီအချိန်က ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပြုလုပ်သည်။