ပင်းတယ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင်ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (Covid 19 Ag Test)ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ကိုဗစ်ရောဂါပိုးရှိ/မရှိစစ်ဆေးသူဦးရေစုစုပေါင်း ၂၆ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူအတည်ပြုလူနာ ၅ ဦးတွေ့ရှိခဲ့သည်။ ပင်းတယမြို့နယ်တွင် ယနေ့ထိ ရောဂါပိုးတွေ့ရှိသူပေါင်း ၈၉၉ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၇၉၅ ဦး၊ ဆေးကုသမှုခံယူနေသူ ၉၈ ဦးနှင့် သေဆုံးလူနာ စုစုပေါင်း ၁၁ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်ရောဂါပိုးရှိသူနှင့်ထိတွေ့ခြင်း၊ သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက ၀၉-၆၆၈၈၆၈၂၅၈၊၀၉-၇၇၀၆၆၃၂၇၈ ဖုန်းနံပတ်ကို ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းလည်း သိရသည်။
ပင်းတယ (ပြန်/ဆက်)