အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
လားရှိုးမြို့သို့ မြန်မာ့လေကြောင်းလိုင်းဖြင့် စက်တင်ဘာ(၁၄)ရက် ညနေ(၂)နာရီခွဲအချိန်က ကိုဗစ်(၁၉)ကာကွယ်ဆေး ရှမ်း/မြောက်တစ်ခုလုံးမှ လူဦးရေ(၇)သောင်းအတွက် ရောက်ရှိလာကြောင်းသိရှိရသည်။
Sep 14,2021
ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ၏ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်အတည်ပြုလူနာပိုးတွေ့ ရပ်ကွက်/ကျေးရွာများရှိ နေအိမ်၊ လမ်းများနှင့် Quarantine ထားရှိနေရာအား ယမန်နေ့က ​ ရွှေမေတ္တာအဖွဲ့ က ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
Sep 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီမှညနေ ၄ နာရီအချိန်တွင်း ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးမှုပြုလုပ်ပေးနေကြောင်း သိရှိရသည်။
Sep 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ရွာငယ်ရပ်ကွက် ရွာငယ် ကျောင်းသစ်ကျောင်းဘုန်းတော်ကြီး ကျောင်းတွင်သံဃာတော်များကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ပေးခဲ့သည်။
Sep 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ယနေ့နံနက်(၁ဝ:၀၀)နာရီမှ နေ့လည်(၁၂:၃၀)အချိန်ထိ အမှတ်-၃ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံး) ရှေ့တွင် ဦးတည်အုပ်စုများဖြစ်သည့် ရပ်ကွက်အတွင်း‌နေထိုင်သည့် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် စည်ပင်၊ ပညာ‌ရေး၊ စီးပွား‌ရေးဘဏ်(၁+၂)မှ ဝန်ထမ်းများအား ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၁၂၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း သာယာလှပ သန့်ရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများ ရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန်စေရေး၊ မြေအောက်လိုင်း များဆောင်ရွက်ရန်မြေပြင်အခြေအနေများ ရွေးချယ်ခြင်း၊ စည်ပင်ရေပိုက်များ မြေအောက်မြောင်း များ နှင့်လွတ်ကင်းစေရေး ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ရေမြောင်းများ ဖောက်လုပ်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ချိန်ဆ၍ မြေပြင် ဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇ နာရီ ခွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်ကားလမ်း နာရီစင်လမ်းစုံတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။