ဟားခါးမြို့၌ အသံချဲ့စက်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် Test Kit ဖြင့်စစ်ဆေးနိုင် သည့်နေရာ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဟားခါး     စက်တင်ဘာ    ၁၄

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် သံသယရှိသူများအနေဖြင့်  Test Kit ဖြင့် ရောဂါပိုးရှိ / မရှိ အခမဲ့ စမ်းသပ်စစ်ဆေးနိုင်သည့်နေရာများ အသိပေးနှိုးဆော်ခြင်းကို  အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မော်တော်ကားဖြင့် မြို့တွင်းလှည့်လည်၍လည်းကောင်း၊ ရပ်ကွက်နေ ပြည်သူများ ကြားသိနိုင်သည့်နေရာမှတစ်ဆင့် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းဖြစ်သည်။

အသိပေးနှိုးဆော်ချက်တွင် ဟားခါးမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများပြားသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၅ စ၍ Stay at Home မြို့နယ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေဆဲဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာကြပါရန်နှင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု ထင်မြင်ယူဆပါက မိမိတို့နေအိမ်တွင် ဆေးမြီးတိုများဖြင့် ကုသခြင်းမပြုဘဲ ဟားခါးမြို့ရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့်နေရာများဖြစ်သည့် ပြည်သူ့ဆေးရုံ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းများသို့ Test Kit ဖြင့် စစ်ဆေးမှုခံယူကြပါရန်၊ ကျန်းမာရေးအထူးဂရုစိုက်ရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

မောင်တက်လမ်း