Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့်အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်းအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရ…
Sep 14,2021
ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ပေါ်ထွန်းလာစေရေး တို့အတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံတွင် အသက် ၅၅နှစ်မှ ၆၄နှစ်အတွင်းရှိသူများအား စုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်စတင်ထိုးနှံ
Sep 14,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် အသက် ၅၅နှစ် မှ၆၄နှစ်အတွင်းရှိသူများနှင့်ဦးစားပေး အုပ်စုအလိုက် သတ်မှတ်ချက်နှင့်အညီ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမြို့နယ်အတွင်းရှိ စုရပ် ၁၅ နေရာ၌ ယနေ့မွန်းတည့် ၁၂ နာရီကစတင်၍ စုရပ်အလိုက်တာဝန်ရှိ သူများကထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း စေရေးအတွက် လိုက်လံအသိပေး နှိုးဆော်
Sep 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ယနေ့နံနက် ၉နာရီအချိန်တွင် ခေမာသီရိ၊ မြို့သစ်ကြီး၊ ယုဇနနှင့် မြေမြင့်ရပ်ကွက်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့ရှိလက်လုပ်လက်စားအိမ်ထောင်စုများအား ဆန်နှင့်စားသောက်ကုန်များလှူဒါန်း
Sep 14,2021
သံတွဲမြို့ရှိ လက်လုပ်လက်စား အိမ်ထောင်စုများအားကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးနေချိန်ကာအအတွင်း စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်က အမှတ်၄ရပ်ကွက်ရှိ မိုးထက်ငြိမ်း လက်ဖက်ရည်ဆိုင် ရှေ့တွင်လှူဒါန်း ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗီတာမင် D3 ဆေးရည်များကို ငပလီမြို့ရှိ သက်ကြီးဘိုးဘွားများကို ဦးစားပေးအနေဖြင့်တိုက်ကျွေးလျက်ရှိ
Sep 14,2021
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (ရန်ကုန်တိုင်း) မှ ကိုယ်ခံအားမြှင့် ဗီတာမင် D3 ဆေးရည် များကို ငပလီမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား စက်တင်ဘာလ(၁၄) ရက်နေ့ နံနက်(၉) နာရီမှစ၍ စတင်တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီး
Sep 14,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ဇူလှိုင်လ( ၁၄ )ရက် နေ့မှစတင်ကာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ စေတနာရှင်ပြည်သူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှစုပေါင်း၍ ယနေ့အထိ လှူဒါန်းငွေကျပ်(၁၈၈၀၇၂၀၀၀)တို့ဖြင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပူတာအိုဒေသရှိ ဘာသာရေး ကျောင်းများနှင့် အိမ်ထောင်စု (၂၃၁)စုတို့အတွက် ဆန်နှင့် စားနပ်ရ…
Sep 14,2021
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလျက်ရှိသည့် ကာလအတွင်း ပူတာအိုခရိုင်အတွင်းရှိ ဘာသာ ရေးကျောင်းများနှင့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ ဆန်နှင့် စားနပ်ရိက္ခာများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်း ထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သံဃာတော်များနှင့် ဝေယျာ ဝစ္စ လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါပိုး…
Sep 14,2021
ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ သီတင်း သုံးနေထိုင်လျက်ရှိသော သံဃာတော်များနှင့် ဝေယျာဝစ္စ လူပုဂ္ဂိုလ်များအား COVID-19 ရောဂါပိုး ရှိ/မရှိ (Test Kit)ဖြင့် ယနေ့ နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25587
Page
25588
Page
25589
Page
25590
Current page
25591
Page
25592
Page
25593
Page
25594
Page
25595
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department