အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီချိန်မှ ၁၁ နာရီခွဲအချိန်ထိ မြို့ဝင်/ မြို့ထွက်နေရာ၌ လမ်းသွားလာသူများအား ကိုဗစ်ရောဂါ ပိုးရှိ/ မရှိ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Sep 14,2021
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကိုဗစ်-၁၉ ဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေးနှင့် လိုအပ်သည့်ထိန်းချုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကွင်းဆင်း ဆောင်ရွက် ခဲ့ကြသည်။
Sep 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက် များအား ယနေ့နံနက်(၈)နာရီခွဲက မြို့ပေါ်ရပ်ကွက်နှင့် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် အသိပညာ ပေး နှိုးဆော်ခဲ့သည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ် ဦးဆောင်မှုဖြင့် ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ပန်းခင်းစီမံချက် ဆောင်ရွက်မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်စိုက်ထူပြီး လက်ကမ်းစာစောင်များကို လူသွားလူလာများသောစျေး၊ လမ်းဆုံလမ်းထောင့်၊ လမ်းမကြီးနေရာများတို့တွင် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။
Sep 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ပြန်လည်ထိုးနှံ ပေးခြင်းကို သတ်မှတ်ထားသည့် စုရပ်နေရာများ၌ထိုးနှံပေးလျက်ရှိသည်။
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင်ရောင်းချသည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း"အုတ်တစ်ချပ်သဲတစ်ပွင့် ဖောင်ဒေးရှင်း"က ဖွင့်လှစ်ထားသော သုဝဏ္ဏကိုဗစ်ကုသရေးစင်တာတွင် တက်ရောက်ကုသလိုသော ကိုဗစ်ရောဂါ လူနာရှင်များအနေဖြင့် ရောဂါကာကွယ်ရေးစင်တာမှ ဖော်ပြ ထားသော အချက်အလက်များကို ကိုက်ညီမှု ရှိ၊ မရှိ မိမိကိုယ်တိုင်စစ်ဆေးနိုင်ရေးစင်တာ တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းက အများပြည်သူသိရှိနိုင်ရေး ဖော်ပြပေးထားကြောင်း သိရှိရသည်။
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင် မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်း အဖွဲ့များမှ Stay at Home ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်မှုမရှိသူများအား စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်တာဝန်ရှိသူများက လမ်းဆုံ နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။