အမ်း စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Sinopharm ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံခဲ့သူများကို သတ်မှတ်ထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် စက်တင် ဘာလ(၇)ရက်နေ့ထိ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပေးခဲ့ရာ ထိုးနှံပြီးသူ(၃၄၅၂)ဦးရှိပြီး ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၄)နှစ်ထိ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ယနေ့နံနက် (၁၀)နာရီအချိန်တွင် စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
အမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ခု၊ ကျေးရွာအုပ်စု(၂၉)အုပ်စု စုစုပေါင်း(၃၆)အုပ်စုရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ပထမအကြိမ်၊ ဒုတိယအကြိမ်များတွင် အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း/ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ၊ Super Markst ဈေးရောင်းသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်း များမှ ဝန်ထမ်းများ၊ အကျဉ်းသား၊ အချုပ်သားများ၊ သံဃာတော်များ၊ သီလရှင်များ စုစုပေါင်း (၃၄၅၂)ဦးအား ထိုးနှံပေးခဲ့သည်။
ဆက်လက်၍ ကျန်ရှိသည့်ပြည်သူ အသက်(၅၅)နှစ်မှ(၆၄)နှစ်ထိ ဦးတည်အုပ်စုအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများက စာရင်းကောက်ယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ထံမှသိရှိရသည်။
ဝင်းအိမွန်