ပခုက္ကူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို စက်တင်ဘာလ ၁၃ ရက် ညနေ ၄နာရီအချိန်က ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ပထမဦးစွာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာရွေက ၂၀၂၁-ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့တွင်မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းမကြီးချောင်းရေစီးဆင်းမှုကြောင့် ချောင်းဘေးရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်ကာ ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ကြေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကုမြို့နယ်၊မြစ်ခြေမြို့၊အမှတ်(၄)ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူအိမ်ခြေ ၁၇၁ လုံး၊အိမ်ထောင်စု ၁၉၃ စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၂၂၆၅၀၀၀၀ ၊ ရေဘေးသင့်အိမ်ထောင်စုဝင် လူဦးရေ ၈၅၁ ဦးတို့အတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေကျပ် ၁၇၈၇၁၀ဝ၊ စုစုပေါင်းငွေကျပ် ၄၀၅၂၁၀၀၀နှင့် အိမ်သုံးပစ္စည်းများမျောပါသွားသည့် အိမ်ထောင်စုခြောက်စုအတွက် တန်ဖိုးငွေကျပ် ၉၃၇၂ဝ ရှိသည့် ကယ်ဆယ်ရေးပစ္စည်း ၁၀မျိုးတို့အား ထောက်ပံ့ပေးအပ်ရာ မြစ်ခြေမြို့အုပ်ချုပ်ရေးမှူးဦးမင်းအောင်နှင့် မြစ်ခြေမြို့၊ အမှတ်၄ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်စိုးတို့ကလက်ခံရယူကြ ကြောင်းသိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)