သရက်မြို့၌ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

 

သရက် စက်တင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ခြင်းဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီက သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြား၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမင်းဦး က အသက် (၁၆) နှစ်ပြည့်ပြီးသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းအကြောင်းနှင့် စီမံချက်အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

သရက်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက် အထိ စီမံချက်ကာလ (၁၈)လ အတွင်း ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ လက်ဝယ်အရောက်ရရှိစေရန် ရည်ရွယ်၍ ပိတ်ရက်မရှိ အခမဲ့ဆောင်ရွက် ပေးခြင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှု ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းမှုများဖြင့် ပန်းခင်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇော်ဝမ်းထွန်း(အောင်လံ)