Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင်(၁၃၈၅) ဦး အားထိုးနှံပေး
Sep 14,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅) နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံ ပေးခြင်းကို ယမန်နေ့၊ နံနက် ၉ နာရီမှ စတင်ကာဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာရှင် ပရဟိတလူမှုကူညီရေးအသင်းသို့ စေတနာရှင်အလှူရှင်များမှ အလှူငွေများလှူဒါန်း
Sep 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် ခိုင်သဇင်လမ်း မေတ္တာရှင်ပရဟိတ လူမှုကူညီရေးအသင်းနှင့် နာရေးကူညီမှုအသင်းသို့ ဒေသအသီးအသီးမှ အလှူရှင် ရဟန်းရှင် လူပြည်သူ များက ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် ကျန်းမာရေးနှင့် နာရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သော အောက်ဆီဂျင်စက်၊ အောက်ဆီဂျင်အိုးများနှင့် လူနာတင်ယာဉ်၊ နာရေးယာဉ်များ ဝယ်ယူနိုင် ရန်အတွက် အလှူငွေများလာ ရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ ၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ ဆေးဝါး၊ဆေးပစ္စည်းနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်အခြားရောဂါများကူးစက်ပျံ့နှံမှုမှ ကာကွယ်ကုသရေးတို့အတွက်ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည် အသွေးများနှင့်ကိုက်ညီစေရေးနှင့်ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကတ္တလူ ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 14,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း က အမှတ် (၁၀) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ် ဘုရားဖြူကျောင်းတိုက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် စတင်ထိုးနှံပေး
Sep 14,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်၊ မွန်းလွဲပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမနှင့် သုဝဏ္ဏဝတီမြို့ အထက(ကျိုက္ကော်)ကျောင်း ရွှေရတု ခန်းမတို့၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် “ပန်းခင်းစီမံချက်”ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Sep 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25590
Page
25591
Page
25592
Page
25593
Current page
25594
Page
25595
Page
25596
Page
25597
Page
25598
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department