အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ယနေ့ နံနက်ပိုင်း (၁)ကြိမ်၊ ညနေပိုင်း(၁)ကြိမ် မြို့‌ပေါ်ရပ်ကွက်များသို့အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနိူးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
Sep 14,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးအတွက် မြို့တွင်း ရပ်ကွက်များ၊ စျေးများ၊ ကျေးရွာအုပ်စုများအား ကိုဗစ်(၁၉)ရောဂါပိုး ရှိမရှိတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဌာနက ယနေ့ နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ကိုဗစ်၁၉-ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ယနေ့နံနက်က(၉)နာရီအချိန်ခန့်က ဖြူစင်မေတ္တာပရဟိတအသင်းထံ PPEဝတ်စုံနှင့်Maskများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 14,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှု ဖြင့် အသက်၅၅နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊  လက်နက်ကိုင်  အဖွဲ့အစည်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို   ယနေ့နံနက်၉နာရီက    ကျိုက်မရော မြို့နယ် အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ်စတင်ထိုးနှံပေးသည်။
Sep 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်ခန့်က မုန်းပြင်ကျေးရွာအုပ်စု၊ နားမျှောကျေးရွာနှင့်ပေါင်ခေါ်ကျေးရွာတို့တွင် မြို့ဦးစီးမှူး ဦးထင်ကျော်ဦးနှင့် အဖွဲ့တို့က သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
Sep 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၈၀၂)အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၅၀၀) ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
Sep 14,2021
နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကိုင်ဆောင်နိုင်ရေးအတွက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင်
Sep 14,2021
ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၄ရက်နေ့ မွန်းတည့် ၁၂နာရီက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက် များအတွင်းသို့လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။