မုဒုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း စိစစ်ပေးခြင်းနှင့်  နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး

 

 

မုဒုံ   စက်တင်ဘာ   ၁၄

 

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးအရာရှိဦးအောင်မော် ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်၊ မြို့မ(၁)နှင့် မြို့မ(၂)ရပ်ကွက်အတွင်းရှိ  ပြည်သူများအိမ်ထောင်စု  လူဦးရေစာရင်း စိစစ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါရုံးတွင် ပြုလုပ်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန   မုဒုံမြို့နယ် ရုံးရှိ  ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်၊မြို့မ(၁)နှင့်  မြို့မ(၂)ရပ်ကွက်အတွင်းရှိ   အိမ်ထောင်စုဝင်များ လူဦးရေစုစုပေါင်း ၃၉ ဦးအား အိမ်ထောင်စုလူဦးရေများ စိစစ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊  ပျောက်ဆုံး / ပျက်စီးသူများကို  မိတ္တူပြုလုပ်ပေးခြင်း၊   ကျန်ရှိမှုမရှိစေရေး  သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပူးပေါင်းကာကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ် ပေးလျက်ရှိသည်။

 

အဆိုပါပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုမုဒုံမြို့နယ်အတွင်းရှိ လူဦးရေ  အသက် ၁၈ နှစ်အောက် ၂၂၃ ဦး ၊   အသက် ၁၈ နှစ်အထက်  ၁၈၃၀ ဦး  စုစုပေါင်း ၂၀၅၃     ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးပြီး   မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့်  လူဦးရေများကို လည်း ဆက်လက်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)