အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီး

အမ်း  စက်တင်ဘာ ၁၄

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးလုပ်ငန်းကို ဇူလှိုင်လ( ၁၄ )ရက် နေ့မှစတင်ကာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ပေါင်းစပ်ညှိနှိုင်းမှုဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ စေတနာရှင်ပြည်သူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှစုပေါင်း၍ ယနေ့အထိ လှူဒါန်းငွေကျပ်(၁၈၈၀၇၂၀၀၀)တို့ဖြင့်အောက်ဆီဂျင်စက်ရုံတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်းပြီးစီးကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီထံမှသိရှိရသည်။

 

အဆိုပါ အောင်ဆီဂျင်စက်ရုံကို ဇူလှိုင်လ(၁၄)ရက်နေ့မှ စက်တင်ဘာလ(၁၃)ရက်နေ့ထိ အလှူရှင်(၆၆၅)ဦးထံမှ အလှူခံရရှိငွေ(၁၇၈၀၇၂၀၀၀)နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှုဒါန်းငွေ ကျပ် သိန်း(၁၀၀) စုစုပေါင်းငွေကျပ်(၁၈၈၀၇၂၀၀၀)ရရှိ၍ အောက်ဆီဂျင်စက်ရုံအဆောက်အဦ မြေနေရာအား အေးရိပ်သာကျောင်းဆရာတော်မှလှူဒါန်း၍ စက်ရုံအဆောက်အဦး(၄၀ပေ × ၃၀ပေ) ဖြင့်ဆောက်လုပ်မှု(၁၀၀)ရာခိုင်နှုန်းပြီးစီးကြောင်း လက်ရှိတွင် ကိုဗစ်-၁၉ လူနာများအတွက် အလှူငွေမှ အောက်ဆီဂျင်အိုး(၁၀၅)လုံး၊ အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီဥက္ကဌမှ အောက်ဆီဂျင်အိုးလှူဒါန်းမှု(၁၉၄)လုံး စုစုပေါင်းအောက်ဆီဂျင်အိုး(၂၉၉)လုံးအား မန္တလေး၊ ပြင်ဦးလွင်၊ ပေါက်မြို့သို့သွားရောက်၍ အောက်ဆီဂျင်များဖြည့်တင်းကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စက်တင်ဘာလကုန်တွင် အောက်ဆီဂျင်စက်ရောက်ရှိမည်ဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ  ဦးသစ်လွင်ထံမှ သိရသည်။

 

ထို့နောက် အောက်ဆီဂျင်စက်ရုံအဆောက်ဦးမှာ(၁၀၀)ရာခိုင်နှုန်းပြီးစီးသဖြင့် အောက်ဆီ ဂျင်စက်ရောက်ရှိပါက တစ်နေ့လျှင် အောက်ဆီဂျင်(၄၀)လီတာဗူး (၁၀၀)လုံးထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။

 

ဝင်းအိမွန်