အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
Sep 15,2021
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စ အဝဝတွက် အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့်ဆီတို့ကို ယမန်ရက်နေ့ နံနက်ပိုင်းက သွားရောက် ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ ခရိုင်ရုံးများမြေနေရာရှိ သိမ်းဆည်းခံ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တောင်သူများ လက်ဝယ်အရောက်မြေယာလျော်ကြေးပေးအပ်ပွဲအခမ်း အနားကျင်းပ ခဲ့ကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကိုဗစ်ကော်မတီ၏အစီအစဉ်ဖြင့် စက်တင်ဘာ ၁၄ ရက်နေ့တွင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေး(sinopharm)ထိုးပေးခဲ့ပါသည်။
Sep 15,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၄၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ မွန်းတဲ့ ၁၂ နာရီခွဲက ရောက်ရှိသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယမန်‌‌နေ့မွန်းလွဲ (၁၂:၃၀) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးမှုကို၊ ဆေးထိုးစုရပ်(၂)ခုတွင် စက်တင်ဘာ(၅)ရက်နေ့မှစ၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိရာ၊ စက်တင်ဘာ(၁၄)ရက်နေ့အထိ (၁၀) ရက်အတွင်း လူဦးရေ(၈၃၃၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Sep 15,2021
ကော့သောင်းမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် RTD ဖြင့်လိုက်လံစစ်ဆေးဖေါ်ထုတ်လျှက်ရှိရာ ယနေ့ နံနက်၁၀နာရီက ကျန်းမာရေးဌာနမှ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား RTD ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။