ရွှေဘို စက်တင်ဘာ ၁၄
ရွှေဘိုမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် သာသနာရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ သီတင်း သုံးနေထိုင်လျက်ရှိသော သံဃာတော်များနှင့် ဝေယျာဝစ္စ လူပုဂ္ဂိုလ်များအား COVID-19 ရောဂါပိုး ရှိ/မရှိ (Test Kit)ဖြင့် ယနေ့ နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ကိုဗစ်- ၁၉ ရောဂါပိုးရှိ /မရှိ ကိုရွှေဘိုမြို့ အမှတ် ( ၂) ရပ်ကွက်ရှိ ဇောတိကရာမ ကျား ကျောင်းတိုက်ရှိ သံဃာ တော် ၄၅ ပါး၊သာမဏေ ၂၅ ပါးနှင့် ဝေယျဝစ္စလူပုဂ္ဂိုလ် ၅ ဦးစုစုပေါင်း ၇၅ ဦးကိုစစ်ဆေးပေးခဲ့ရာရောဂါပိုးတွေ့ ရှိသူ မရှိကြောင်းဦးဆောင် စစ်ဆေးသူပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖြိုးကိုကို ၏ပြောကြားချက်အရ သိသည်။ နောက်နေ့များတွင် စစ်ဆေးလိုသည့် ကျောင်းတိုက်များကိုဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။