အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက်(၅၅-၆၄) နှစ်ရှိ မိဘပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ချောင်းသာမြို့ အ.ထ.က ကျေင်းတွင် ထိုးနှံပေးလျက် ရှိပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
Sep 16,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ် ဆေးထိုးရန်ကျန်ရှိနေသူ အသက် ၁၈ နှစ်မှအသက် ၆၅ နှစ်အထက် ဒေသခံ ရဟန်းသံဃာနှင့် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ထိုးနှံပေး လျက်ရှိသည်။
Sep 16,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် မထိုးနှံရသေးသည့် အသက် ၆၅ နှစ်နှင့်အထက် မြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက် (၅၅) နှစ်နှင့်အထက်ဦးစား‌ပေးအစဉ်လိုက် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-ကရေဖြူ၊ အ-ထ-က ကံပေါက်၊ အ-ထ-ကကလိန်အောင် စုရပ် (၃)ခုတို့တွင် ယနေ့နံနက်  (၉)  နာရီအချိန်ခန့်မှ စတင်ထိုး နှံပေးလျက်ရှိသည်။
Sep 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်း (၉)နာရီအချိန် အသက်(၁၈)နှစ်အထက် ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ နှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ယနေ့နံနက်(၉)နာရီက ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက် ရှိသည်။
Sep 16,2021
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြတောင်‌ကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအတွက် ယမန်နေ့ည ၁၁နာရီခွဲ အချိန်က အောက်စီဂျင်စက် ရောက်ရှိကြောင်းသိရသည်။