အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များနှင့် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင် လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်စက်သစ်သည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံသို့ ယမန်နေ့ ညနေပိုင်းက ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
Sep 16,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့ဝင်၊ထွက်ဂိတ်များတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်နေမှုကို ယနေ့ရက် နံနက် ၈ နာရီခွဲက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 16,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်ရေး RDT Tesk Kit စစ်ဆေးပေးခြင်းနှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က မြောက်ပိုင်း ရပ်ကွက်ရှိ ညောင်ခမ်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်ကာ ရေတိုက်စားမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်း တစ်လျှောက်တို့၌ တံတား(၁၀)စင်းပျက်စီးသွားခဲ့ရာ နန်းမခွင်ချောင်းရှိ ရွှေညောင်ပင်- ကုန်းအောက်တောင်းကျေးရွာချင်း ဆက်တံတား အရှည်(၄၈၀)ပေ၊ အကျယ်(၁၂ပေ)မှာ အရှည်ပေ(၁၆၄)ခန့် ​မျှောပါပျက်စီးခဲ့ပြီး ယင်းတံ တားအား စုပေါင်းလှူဒါန်းမှုဖြင့် ယနေ့က စတင်၍ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့တွင်းလူစည်းကားရာနေရာများနှင့် ဈေးအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိ ရသည်။ 
Sep 16,2021
ရှမ်းပြည်နယ်‌(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉‌ ရောဂါအတည်ပြု လူနာ(၂၆)ဦး တွေ့ရှိကြောင်း သိရသည်။
Sep 16,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နေ့လယ် (၁)နာရီအချိန်က အဆိုပါရုံး၌ တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်ရှိ သံဃာတော်များ၊ သီလရှင်များ၊ ကျောင်းသားများအား(RTD)Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစစ်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ကျန်းမာရေးဝန်ထမ်းများက သွားရောက် စစ်ဆေးပေးခဲ့သည်။