ချောင်းသာ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အသက်(၅၅-၆၄) နှစ်ရှိ မိဘပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ ချောင်းသာမြို့ အ.ထ.က ကျေင်းတွင် ထိုးနှံပေးလျက် ရှိပါသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်း လုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို အသက်(၅၅-၆၄)နှစ်ရှိ မိဘပြည်သူများ၊နိုင်ငံဝန်ထမ်း များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်သုံးဆီအရောင်းဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel&Motel၊ တည်းခိုခန်းများရှိ အလုပ်သ မားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်၍ ထွေ/အုပ်ဝန်ထမ်းများ၊ နယ်မြေခံတပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပြန်/ဆက် ဝန်ထမ်းများ၊ မီးသတ်ဦဂစီးဌာန မှ ဝန်ထမ်းများ၊ မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်ဝန် ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း(၄၃၉)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆေးထိုးနှံနေစဉ်အတွင်း ဌာနဆိုင်ရာများရှိ ဝန်ထမ်းများနှင့် ပရဟိတ လူငယ်လေးများ အား နေ့လည်စာအဖြစ် စားသုံးနိုင်ရန်အတွက် တော်ဝင်ပတ္တမြား ဦးသန်းမြင့် မိသားစုမှ ထမင်းကြော် (၄၀)ဗူး၊ ဒေါ်ခင်မာစန်း စားသောက်ဆိုင် မိသားစုမှ ကြာဇံကျော် (၄၀)ဗူး တို့ကို လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ကျော်စိုးဝင်း