ရေဖြူမြို့နယ်တွင် အသက် ( ၅၅ ) နှစ်နှင့်အထက် ဦးစားပေးအစဉ်လိုက် ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ထိုးနှံပေး

ရေဖြူ  စက်တင်ဘာလ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက် (၅၅) နှစ်နှင့်အထက်ဦးစား‌ပေးအစဉ်လိုက် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-ကရေဖြူ၊ အ-ထ-က ကံပေါက်၊ အ-ထ-ကကလိန်အောင် စုရပ် (၃)ခုတို့တွင် ယနေ့နံနက်  (၉)  နာရီအချိန်ခန့်မှ စတင်ထိုး နှံပေးလျက်ရှိသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ပြည်သူများ ရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် ကူးစက်ဖြစ်ပွားမှု လျော့ကျစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ  အ-ထ-ကရေဖြူတွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁၇)ခုကို လည်းကောင်း၊ အ-ထ-က ကံပေါက်တွင် ကျေးရွာအုပ်စု(၉)ခုရှိ ပြည်သူများကို လည်းကောင်း၊ အ-ထ-က ကလိန်‌အောင်တွင် ကလိန်အောင်မြို့ပေါ် ရပ်ကွက် (၄)ခုနှင့်ကျေးရွာ အုပ်စု (၉)ခု ကိုလည်းကောင်း စသည်စုရပ် ( ၃ ) နေရာတို့ တွင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှသာထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရေဖြူ(ပြန်/ဆက်)