ရေစကြို စက်တင်ဘာ ၁၆
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် မထိုးနှံရသေးသည့် အသက် ၆၅ နှစ်နှင့်အထက် မြို့နယ်အတွင်းရှိကျေးရွာများမှ ပြည်သူများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၈၅ အုပ်စု၊ ကျေးရွာပေါင်း၂၄၅ ရွာရှိ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူ ၂၀၀ ဦးခန့်လာရောက်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင် ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူးတင်လတ်နှင့် မြို့မိမြို့ဖများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)