အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်မြို့နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးများအားMCCT အစီအစဉ်အရနိုင်ငံတော်အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ လှည်းကူးမြို့မစျေးနှင့် မင်းကုန်းစျေးတို့မှ စျေးသူ၊ စျေးသားများအား ယနေ့နေ့လည် ၁၂ နာရီက အ-ထ-က(လှည်းကူး) နှင့် မင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်တွင်လူမှုဝန်ထမ်း ဦးစီးဌာနက ထောက်ပံ့သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေများကို စက်တင်ဘာလ(၁၅) ရက်နေ့မှစ၍ရပ်ကွက်/ကျေးရွာ အလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာနှစ် ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့‌နေ့လည်၂နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
Sep 16,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့ နံနက် မွန်းလွဲက အဆိုပါ ဘဏ်ခွဲတွင်ကရင်ဝင်းစိန်ကျေးရွာ တောင်သူ(၁၀၄)ဦးအား (၂) ကြိမ်ခွဲ၍ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း​ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် သီရိမင်္ဂလာခန်းမတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ ပြည်သူ ၁၄၁၇၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စတင်၍ တပင်ရွှေထီးရပ်ကွက်ရှိ အထက(၄) ကျောင်း၊ မြို့နယ်ပြည်သူဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံ၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံနှင့် ဓနုတ်စံပြကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စသည့် စုရပ်(၅)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။