အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး အိမ်ထောင်စုလူဦးရေးစာရင်းနှင့် ဉပဒေအရ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ လူစည်ကား ရာနေရာများတွင် စက်တင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့’’ အသိပညာပေးဆိုင်းဘုတ်စိုက်ထူကြောင်း သိရသည်။
Sep 16,2021
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် လတ်တလောဖြစ်ပေါ်နေသည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြု စေမည့် နည်းစနစ်များကို  ဘားအံမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက မင်းဇီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင် အသိပညာပေး  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁)၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့ နံနက်ပိုင်းက ဆေးထိုးအုပ်စုများဖြစ်သည့် အသက် ၅၅ နှစ် မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊ မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ ၊ EAO များနှင့် ဦးစား​ပေး ဦးတည်အုပ်စုများ၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရ‌န် ကျန်ရှိသောလူမှုဖူလုံရေးအကျုံး ဝင်ဌာနအသီးသီးမှလုပ်သား (၁၄၀)ဦးကို ပထမအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဝါးခယ်မမြို့နယ်ပြည်သူ့ ဆေးရုံ၌ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိ ကြောင်းသိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရုံးရှေ့မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဒေသတွင်းသတင်းများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အ-ထ-က(၁) ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။