ဓနုဖြူမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

ဓနုဖြူ  စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ နှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ယနေ့နံနက်(၉)နာရီက ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ပေါ် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ရပ်ကွက်များ ရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကြီးကြပ်ကြည့်ရှုအားပေးလျက်ရှိ​သည်။ ကျန်ရှိနေသော ရပ်ကွက်များ၊ ကျေးရွာများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။