ညောင်တုန်းမြို့ မြတောင်ကျောင်းတိုက်ဝန်းအတွင်း ထားရှိမည့် အောက်စီဂျင်စက်ရောက်ရှိ

ညောင်တုန်း စက်တင်ဘာ ၁၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြတောင်‌ကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်စီဂျင်စက်ရုံအတွက် ယမန်နေ့ည ၁၁နာရီခွဲ အချိန်က အောက်စီဂျင်စက် ရောက်ရှိကြောင်းသိရသည်။ 

ညောင်တုန်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးနှင့် အခြားသော ကုသရေးများတွင် အောက်စီဂျင်လိုအပ်‌သောလူနာများ လောက်စွာရရှိစေရန် ရည်ရွယ်၍  နာယကဆရာတော်ဥူးသုမန၏သြဝါဒကိုခံယူလျက် We Love Nyaungdon လူမှုပရဟိအဖွဲ့ဦးဆောင်၍ အလှူရှင်မိဘပြည်သူများ စုပေါင်းပါဝင်လှူဒါန်းသည့် အဆိုပါစက်မှာ Mobile Oxygen Plant 20Nm³(Containerized) အမျိုးအစားဖြစ်ပြီး  တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာ (၈၀)လုံးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)