အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)နှင့်(၂)ရှိ စက်ရုံများမှ ဝန်ထမ်းများအား ယမန်နေ့ နံနက် ၉နာရီအချိန်မှစတင်၍ အဆိုပါ စက်မှုဇုန်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက အုပ်စု(၆)ခု ခွဲ၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြသည်။
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသူများနှင့် ပြုလုပ်လို သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အမှတ် ၄ ရပ်ကွင်၊ ၉ လမ်း ရေကြည်တော်လူမှုကူညီရေးအဖွဲရုံးတွင် လူမှုကူညီရေးပရဟိတအဖွဲ့များအား ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
Sep 17,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ မန်တုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ၊မြို့မိမြို့ဖ များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မန်တုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ကုမ်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Sep 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၂၃)ဦး ထပ်မံဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရ သည်။
Sep 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၊ ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူ များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးထပ်မံနှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် (၉) နာရီ မှစ၍ ပြင်စလူမြို့၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန ၊ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအား Sound Box စက်ဖြင့် လိုက်လံအသိပေနှိုးဆော်ခဲ့ကြောင်းသိရသည်။
Sep 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ မောခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်းနှင့် အန်ခြင်း ခံစားရသဖြင့် ဆေးရုံသို့ လာရာက်ပြသခဲ့ကြသည်။