အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း ပိုမိုတိုးပွားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။
Sep 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျိုင်းတောင်း မြို့တွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ဆောင်ရွက်ပေး‌နေခြင်းအား မြို့အတွင်းရှိ အများပြည်သူ သိရှိနိုင်ရန်အတွက် ဗွီနိုင်းပိုစတာများလှည့်လည်ကပ်ထားခြင်းကို ယနေ့နံနက် ၉ နာရီက လူစည်ကားရာ‌နေရာများဖြစ်သော မြို့မ‌ဈေးအဝင်ပေါက်၊ လူအများသွား လာရာနေရာကားဂိတ်နှင့် မြို့လူဝင်မှု‌ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးရှေ့ စသည့်နေရာ များတွင်ကပ်ထားရာ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလူဝင်မှုကြီးကြပ်‌ရေးမှူး ဦးစိုင်းစည်သူဟိန်းနှင့်ဝန်ထမ်းများက စုပေါင်းကပ်ထားခဲ့ကြသည်။
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော်ကြောင်းသိရသည်။
Sep 16,2021
ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများရှိရာ​ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံကြရန် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသံချဲ့စက်များ​ဖြင့် မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများသို့ Mobile Library ဖြင့် လှည့်လည် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများ​​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ်အတွင်းရှိ ထနောင်းပင်လဲကျေးရွာ၊ ကုက္ကိုဇီးကျေးရွာ၊ ဇီးတောကျေးရွာရှိ ပြည်သူများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။