ချောင်းဆုံမြို့နယ်တွင် မိုးစပါးချေးငွေ ဆက်လက်ထုတ်ပေးရာ ယနေ့အထိ ငွေကျပ်(၁၆၉၁၇)သိန်း ထုတ်ချေးပေးပြီး

ချောင်းဆုံ စက်တင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  ချောင်းဆုံမြို့နယ်  လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ  မိုးစပါးစိုက် တောင်သူများအား ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို   ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေး ပေးလျက်ရှိရာ ယနေ့ နံနက် မွန်းလွဲက အဆိုပါ ဘဏ်ခွဲတွင်ကရင်ဝင်းစိန်ကျေးရွာ တောင်သူ(၁၀၄)ဦးအား (၂) ကြိမ်ခွဲ၍ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးရာ ယနေ့တွင် တောင်သူ(၁၀၄)ဦး၊ လယ်ဧက(၆၉၉)ဧကအတွက် ထုတ်ချေးငွေ(၁၀၄၈သိန်း၊ ၅သောင်း)ကျပ်ရှိပြီး ယနေ့အထိ ကျေးရွာပေါင်း(၂၀)ရွာမှ တောင်သူဦးရေ(၁၆၇၁)ဦး၊ စိုက်ဧက  (၁၁၂၇၈)ဧက စုစုပေါင်း ထုတ်ချေးင (၁၆၉၁၇)သိန်း ထုတ်ချေးပေးခဲ့ပြီဖြစ်ကြောင်း  မြို့နယ်မြန်မာ့ လယ်ယာဖွံဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဦးဇော်လေး ထံမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၁ခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၃၇၆)စိုက်ပျိုးနိုင်ရန် လျာထားပြီး တောင်သူ လယ်သမားများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို သိန်းပေါင်း(၆သောင်း၊၄ထောင်)ကျပ် ထုတ်ချေး ပေးနိုင်ရန် လျာထားကြောင်း ယခုထုတ်ချေးပေးထားသူမှာ ယခင်နှစ်၂၀၂၀မိုးစပါး ချေးငွေ ပြန်လည် ပေးဆပ်ပြီး တောင်သူများကိုသာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်

မြို့နယ်(ပြန်/ဆက်)