တောင်ငူ စက်တင်ဘာ ၁၆
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာ၌ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ခရိုင် တာဝန်ခံ ဒေါ်သီတာမြင့်နှင့် ဝန်ထမ်းများက အမှတ် ၂၀ ၊ ၂၁ ၊ ၂၂ နှင့် ၂ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများအတွင်း အသိပညာပေး လက်ကမ်းစာစောင် (၃၀၀) အား ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အကြောင်း၊ အိုဇုန်းလွှာပျက်စီးမှု ဖြစ်ပေါ်စေသော ဒြပ်သတ္တုပစ္စည်းများ၊ စွမ်းအင်ချွေတာမှုနှင့် အပူအအေး ပေးစက်များ ချွေတာသုံးစွဲခြင်းနည်းလမ်းများ၊ အိုဇုန်းလွှာ ကာကွယ်ဆေးဆိုင်ရာ အချက်များ၊ အိုဇုန်းလွှာ ပျက်စီးမှုအား ထိန်းချုပ်ကာကွယ်နည်းများ ပါဝင်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်