မိုင်းရှူး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်တွင်လူမှုဝန်ထမ်း ဦးစီးဌာနက ထောက်ပံ့သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေများကို စက်တင်ဘာလ(၁၅) ရက်နေ့မှစ၍ရပ်ကွက်/ကျေးရွာ အလိုက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မိုင်းရှူးမြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်(၇၁၄)ဦးနှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက်ကလေး ငယ်(၄၅၈)ဦးအတွက်ထောက်ပံ့ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထောက်ပံ့ ငွေများကို တစ်ဦးလျှင် ကျပ်လေးသောင်းငါး ထောင်(တစ်လ ၁၅၀၀၀/- နှုန်း ဖြင့် သုံးလစာ)အတွက် ကိုယ်ဝန်ဆောင်မိခင်(၇၁၄)ဦးနှင့်အသက်(၂)နှစ်အောက်ကလေးငယ်(၄၅၈)ဦး၊ စုစုပေါင်း (၁၁၇၂)ဦး အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၀ခုနှစ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) များအတွက်ထောက်ပံ့ပေးခြင်းဖြစ်ပြီး စက်တင်ဘာလ (၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများမှ တဆင့်လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)