နမ့်စန်(တ) စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်မြို့နယ်တွင်ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးများအားMCCT အစီအစဉ်အရနိုင်ငံတော်အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လည် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးက နမ့်စန်မြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂နှစ်အောက်ကလေးငယ်များ အတွက်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မှုအခြေအနေ ကိုရှင်းလင်းပြောကြားပြီး အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ဝန်ဆောင်မိခင်များ လက်ဝယ် အရောက် စနစ်တကျပေးအပ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်တို့က မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ကနမ့်စန်မြို့နှင့် ခိုလမ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၂နှစ်အောက်ကလေးငယ် စုစုပေါင်း ၂၂၉၁ ဦးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ ၃လပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလ) အတွက် တစ်ဦးလျှင် ၄၅၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၀၃၀၉၅၀၀၀ ကျပ်ကိုပေးအပ်ခဲ့ပြီး သက်ဆိုင်ရာရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၁၉ ခု တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)