တန့်ယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးခြင်းတွင် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဆေးရုံဝင်း အတွင်း/ အပြင်ရှိ ပေါင်းမြက်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းတို့အား ဆောင်ရွက်ပေးရာ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ခွန်အောင်သွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)