မုံးထမြို့၊ ကျူကော်ကျေးရွာ၌ အုတ်ရေကန်နှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မုံးထ စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၊ ကျူကော်ကျေးရွာ၌ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံဖြိုးတိုးတက်စေ​​ရေးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိမှု အဆင်ပြေစေရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) ရန်ပုံ ငွေကျပ်သိန်း(၁၀၀)ဖြင့် အုတ်ရေကန်နှင့် ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့် ပြီးစီးပြီကြောင်း  မုံးထမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးထံမှသိရသည်။

အဆိုပါ ကျေးလက်ဒေသ ရေရရှိရေးဆောင်ရွက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)  ရန်ပုံငွေကျပ်သိန်း (၁၀၀)နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၇)သိန်းကျော် စုစုပေါင်း (၁၀၇) သိန်းကျော် ဖြင့် ဂါလံ(၅၀၀၀)ဆံ့အုတ်ရေကန်နှင့် အကျယ်(၄)ပေ၊ အနက်ပေ(၄၀)ရှိ ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာသုံးစွဲရမည် ဖြစ်သောကြောင့် ကျူကော်ကျေးရွာနေပြည်သူများက ဝမ်းသာနေကြကြောင်းသိရသည်။

ဇော်မင်းထွန်း (ပြန် /ဆက်)