တံတားဦး စက်တင်ဘာ ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်နှင့်လူပုဂ္ဂိုလ်တို့ကို ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက် က မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ စမ်းသပ်စစ်ပေးကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် စည်းကမ်းများနှင့်အညီ ဘေးလုံဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်သံဃာတော် (၃၇) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး၊ နန်းရာကြည့်ပဘုန်းတော်ကြီးမှ သံဃာတော်(၁၀)ပါး၊ ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သံဃာတော် (၁၂)ပါး၊ သီလရှင် (၁) ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့အား ကွင်းဆင်းစစ်ဆေးပေးရာ တော်သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့တွင် ရောဂါပိုး မတွေ့ရှိရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အလားတူ တံတားဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတို့ရှိ သာသနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် လှည့်လည်စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး)