မိတ္ထီလာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၇၃ ဦး စစ်ဆေးတွေ့ရှိ

မိတ္ထီလာ စက်တင်ဘာ ၁

မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင်နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယ ရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ   ကိုဗစ် ၁၉ ပိုးတွေ့လူနာသစ် ၇၃ ဦးစစ်ဆေး တွေ့ရှိခဲ့ကြောင်း  သိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန် မှုဖြင့်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များနှင့် ကျေးရွာဒေသခံ တာဝန် ရှိသူများပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇၃ ဦးအား စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာသစ် ၅၃ဦးမှာ   ရေဝေကျေးရွာ ၅၇ ဦး ၊ချည်စက်ရပ်ကွက် ၆ ဦး ၊ ဝန်ဇင်းရပ်ကွက် ၄ ဦး ၊ အောင်ဆန်းရပ်ကွက် ၂ ဦး ၊ ထန်းတောကျေးရွာ ၂ ဦး ၊ရန်မျိုးအောင်ရပ်ကွက် ၁ ဦး ၊ ရွာသစ်ကျေးရွာ ၁ ဦး  တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်၁၉ ရောဂါပိုးတွေ့လူနာသစ် ၇၃ ဦးအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယာယီ ဆေးကုသရေးဌာနများတွင်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း သိရသည်။

ချမ်းသာ