ကျွန်းစုမြို့တွင် (၅၅)နှစ်မှ (၆၄)နှစ်ကြား အသက်အပိုင်းအခြားရှိသူများနှင့် မသန်စွမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျွန်းစု စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် (၅၅)နှစ် မှ (၆၄)နှစ်ကြား အသက်အပိုင်းအခြားရှိသူများနှင့် မသန်စွမ်းများအား ယနေ့ နံနက်(၉)နာရီမှ စ၍ တာရပိုင်းကျေးရွာ၊ ပထော်ပထက်ကျေးရွာတို့နှင့် ကျွန်းစုမြို့ပေါ်ရှိ မြို့နယ်ခန်းမ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ (၅၅)နှစ် မှ (၆၄)နှစ်ကြား အသက်အပိုင်းအခြားရှိသူများနှင့် မသန်စွမ်းများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ အသီးသီးမှ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကျွန်းစုမြို့နယ်တွင် Sinopharm(CHINA) ထုတ် ကိုဗစ်ကာကွယ်ဆေး ၉၄၄ လုံး (တစ်‌လုံးလျှင် ၅ယောက်စာ) အတွက် ရရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်‌နေရာ၌ ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

စည်သူရအောင် (ကျွန်းစု)