ဇလွန် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦး စီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံ ကိန်း(VDP) ကျေးရွာရွေးချယ်ခြင်းကိုယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာရွေးချယ်ရာတွင မြို့နယ်စီမံကိန်းရေး ဆွဲရေးနှင့် အကောင်အထည် ဖော်ရေးကော်မတီဖြင့် ပွင့်လင်းမြင်သာစွာဖြင့် ဦးစီးဌာနရန်ပုံငွေကျပ် (၁၀) သန်းအပြင်ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ဆောင်ရွက် လိုသည့်ကျေးရွာများ ၊ အကျိုးခံ စားရမည့် အိမ်ထောင်စုများသည့်ကျေးရွာများ ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့်ကျေးရွာများ ၊ ကျေးရွာသူ / သားများ၏ စိတ်အားထက်သန်မှု ၊ စည်းလုံးညီညွတ်မှုနှင့် တက်ကြစွာဆောင်ရွက်လိုမှုရှိသည့်ကျေးရွာများ ၊ မည်သည့်စီမံကိန်းမှ မရရှိသေးသည့်ကျေးရွာများ ၊ ကျေးရွာများမှ Mini - grid နှင့်အိမ်သွယ်ရေတိုင်စနစ် လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာများအား စိစစ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွေးချယ်ခြင်းမပြုရန် အမည်ပျက် စာရင်းဝင်အဖြစ်သတ်မှတ်ထားသောကျေးရွာများ ၊ မြစိမ်းရောင်စီမံကိန်းကြွေးကျန်ဖြစ်ပေါ်နေသော ကျေးရွာများ နှင့်ကြွေးကျန် များ ကြောင့် ကျေးရွာပြောင်းလဲ ဆောင်ရွက်ထားရှိသော ကျေးရွာများ ၊ VDP စီမံကိန်းဆောင်ရွက်ပြီးသည့် ကျေးရွာများနှင့် ယခင်ဘဏ္ဍာရေးနှစ်များတွင် ကျေးရွာပြောင်းဆောင်ရွက်ခဲ့သည့် ကျေးရွာများအား ရွေးချယ်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီး မှူး ဒေါ်မူမူသင်း၏ ပြောကြားချက်အရ သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)