မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် လူဦးရေ(၈၃၈၀)ဦးအား ပထမအကြိမ် စတင်ထိုးနှံပေး

မြိတ်    စက်တင်ဘာ   ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ကို ဦးစား ပေးအစီ အစဉ်အလိုက် လူဦးရေ(၈၃၈၀)ဦးကို ယနေ့မှစတင်ကာ ဆေးထိုး အဖွဲ့(၅)ဖွဲ့ဖြင့် သတ်မှတ်နေရာများတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေး ရာတွင် ပထမအသုတ် ထိုးစဉ်က ဆေးလိုအပ်ချက်အရ ကျန်ရှိတဲ့သူများ၊ လူထုနှင့် ထိတွေ့နေ သည့်သူများကို စက်တင်ဘာလ(၁၇)ရက်မှာ စတင်ထိုးနှံပေးလျက်ရှိပြီး (၁၈)ရက်မှ စတင်ကာ ဒုတိယအသုတ် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေးကို ဒုတိယသုတ်  ဦးစားပေးအစီအစဉ်ဖြင့်  အသက်(၅၅)မှ(၆၄) နှစ်အထိ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများ၊ EAOs စသည့် ဆေးမထိုးရသေးသည့် သူများကို ရပ်ကွက်/ကျေးရွာများအလိုက် ဆေးထိုး နေရာများဖြစ်သည့် ပုလဲရတနာ ခန်းမတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့၊ သားဖွားသင်တန်းကျောင်းတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့နှင့် ခရိုင်အားကစားခန်းမတို့တွင် ဆေးထိုး အဖွဲ့(၁)ဖွဲ့တို့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိအသုတ်ကို ယခင်ဆေးထိုးသည့် ပုံစံအတိုင်း ဦးစားပေး အစီအစဉ် အလိုက် ဆေးထိုးရမည့်သူများကို သတ်မှတ်ရက်အလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များကို လိုက်လံ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးပေးရာတွင် ပရဟိတအဖွဲ့များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

  ခိုင်ထူး  (  မြိတ်  )