နတ်မောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား (Sinopharm ) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

နတ်မောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က နတ်မောက်မြို့နယ်စုရပ် (၅)နေရာတွင် ရပ်ကွက်၊ ကျေးရွာများအတွင်း ကျန်ရှိနေသည့် ပြည်သူများအား ဒုတိယနေ့တွင်လည်း ဆေးထိုးနှံ ပေးလျက် ရှိသည်။                                 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက လာရောက်ဆေးထိုးသည့် အသက် (၅၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား မြို့နယ်ကျန်းမာရေး ကြီးကြပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အရန်မီးသတ်တပ်‌ဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ လျော့ကျနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်မှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ထိုးနှံကြကြောင်း သိရသည်။

နတ်မောက်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနစုရပ်အတွင်း ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ(၁၉၅)ဦး ခန့် ရှိကြောင်း သိရသည်။

လှဝင်း