တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်း စီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စက်တင်ဘာလ(၈)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရေမြစ်ကြီးကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

ပြုလုပ်ရာတွင် မြို့နယ်လ.ဝ.က ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၂၂)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင် ၆(က) (၇၈)ဦး၊ လဲလှယ်(၆၃)ဦး၊ မိတ္တူ (၇၀)ဦး၊ စုစုပေါင်း(၃၃၃)ဦးနှင့် အိမ်ထောင်စုခွဲ(၃၀)စု၊ အိမ်ထောင်စုမိတ္တူ(၅၀)စု၊ ရွှေ့ပြောင်း (၂၀)စု၊ စုစုပေါင်း(၁၀၀)စု တို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)