ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူများ၏ စကား သံများ

ငါ့သရောက် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားရပြီးနောက် စနစ်တကျ ဆေးဝါး ကုသမှုခံယူပြီး၊ ပြန်လည်ကျန်းမာလာသူများ၏ ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံများကို ယနေ့တွင် ယခုလိုတွေ့ဆုံ မေးမြန်း သိရှိခဲ့ရပါသည်။

 

ဒေါ်အေးစန်းကြည်(ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ငါ့သရောက်မြို့။ ။ကျွန်မကတော့ ကိုယ်တိုင်က လည်း ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်တော့…ဒီရောဂါနဲ့ပတ်သက်ပြီးတော်တော် ကို ဂရုစိုက်ခဲ့တာပါ။ ကာကွယ်ဆေးလည်း (၂)ကြိမ်လုံးထိုးနှံပြီးသားပါ…။ ဒါပေမဲ့ ဘယ်လောက်ပဲ ဂရုစိုက်စိုက် အများပြည်သူနဲ့ ဆက်ဆံလုပ်ကိုင်နေရတာဆိုတော့ ကူးစက်ခံခဲ့ရတာပါပဲ..။ ကျွန်မ အထင်တော့ ကိုဗစ်-၁၉ ရော ဂါ ကာကွယ်ဆေး ထိုးနှံတဲ့နေရာကနေ ကူးစက်ခံရ တယ်လို့ပဲ ထင်ပါတယ်…။ ဒါပေမဲ့ ကာကွယ် ဆေးထိုးနှံပြီး သားဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရတဲ့အခါမှာ အရမ်းကြီး ဆိုးဆိုးဝါးဝါး မခံစားခဲ့ရပါဘူး…။ ရောဂါပိုးတွေ့ တယ်ဆိုတာနဲ့ တစ်ခါတည်း ဆေးရုံတက်ရောက်ပြီး, ကျန်းမာရေးဌာန ညွှန်ကြားချက်နဲ့ အညီဆေးဝါးကုသမှု ခံယူခဲ့ပါတယ်..။ ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ကတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကိုယ်အပူ ချိန်တိုင်းပါတယ်..။ သွေးပေါင် ချိန်တိုင်း ပါတယ်…အောက်စီဂျင်စစ်ပါတယ်..။ အစားအသောက်အနေနဲ့ကတော့ တစ်နေ့ကို သုံးကြိမ်ကျွေး ပါတယ်…။ ကျွန်မက နှစ်ရက်/သုံးရက်လောက် ဖျားပါတယ်။အဖျားပျောက်တော့ အရ သာပျက် တယ်…အနံ့လည်း(၇)ရက်လောက် ပျောက်သွားပါ တယ်…။ အသက်ရှုကြပ်တာနဲ့ ရင်ဘတ်အောင့်တာ အနည်းငယ်တော့ ခံစားရပါတယ်…။ ကာကွယ်ဆေးထိုးမထားတဲ့ သူတွေကတော့ ကျွန်မတို့ ကာကွယ်ဆေးထိုး ပြီးသား  လူတွေထက် ဒီရောဂါကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရတာကို တွေ့ရပါ တယ်…။ ဒါ့ကြောင့်လည်း အခု ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဖြစ်မနေ ထိုးသင့်တယ်လို့ ပြောကြားလိုပါတယ်…။

 

ဒေါ်နှင်းအိမာ(အမှတ်-၂ ရပ်ကွက်) ငါ့သရောက်မြို့။            ။ကျွန်မ ကူးစက်ခံရတဲ့အခြေအနေကတော့ တူမလေးအတွက် ဖိနပ်ဝယ်သွားရင်း ဖိနပ်ဆိုင်ကနေ ကူးစက်ခံရတာ ပါ။ ကျွန်မက အပြင်ထွက်တိုင်း Mask တပ်ပါတယ်…။အိမ်ရောက်တော့ လက်ဆေးပါတယ်..။ အဝတ်တော့မလဲ ခဲ့ပါဘူး။ စဖြစ်တာကတော့ ဖျားပါတယ်…။လည်ချောင်းနာတယ်…တစ်ကိုယ်လုံး လည်းကိုက်ခဲနေတယ်…ဒါနဲ့ ကိုဗစ် ပိုးစစ်ကြည့်တော့ ရောဂါပိုးတွေ့တယ်လို့ သိရပါတယ်…။ ကျွန်မ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထားပါတယ်..။ ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ တယ်…အောက်စီဂျင် ကျတယ်…အသက်ရှုရတာလည်း မကောင်းဘူး..။ ဒါပေမဲ့ အဟာရရှိမဲ့အစားအစာတွေကို ကြိတ်မှိတ်ပြီး စားတယ်…အားဆေးတွေလည်းသောက် တယ်… အတတ်နိုင်ဆုံးစိတ်ကို ပျော်အောင်နေတယ်..။ Face Book ကြည့်ရင်လည်း ဟာသကား တွေကိုကြည့် တယ်…။ အနားယူတယ်…အိပ်ရေးဝဝအိပ်တယ်..။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တစ်သွေမတိမ်း လိုက်နာ နေထိုင်စားသောက် ခဲ့တယ်…။(၁၇)ရက်ရှိတော့ ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့ပါတယ်..။ အခုလို အတွေ့အကြုံကို ပြန်လည်ပြောကြားခွင့်ရလို့ ဝမ်းသာ တယ်…။

                                                                                                               

အေးအေးမိုး(ငါ့သရောက်)