ပင်းတယ စက်တင်ဘာ ၁၇
နိုင်ငံတစ်ဝှမ်းရှိ၊ အသက်(၈၅) နှစ်နှင့်အထက်ဘိုးဘွားများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် ( ဧပြီ၊ မေ၊ ဇွန်) လများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ လူမူရေးပင်စင်ငွေများ စတင်ပေးအပ်နေပြီဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို များအတွက် လူမူရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားအား ပင်းတယမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်မိုးလွင်မှ အဖွင့်အမှာစကားပြောကြား ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကျေးစာရေးများအနေဖြင့် ဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ရာ တွင် ကျန်းမာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ထောက်ပံ့ ပေးအပ်စေလိုကြောင်း မှာကြား သည်။ ပင်းတယမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို (၂၅၅) ဦးအတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် တစ်ဦးလျှင် သုံးလစာ ငွေကျပ် (၃၀၀၀၀) ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး စုစုပေါင်းငွေကျပ် (၇၆) သိန်း (၅)သောင်းကျပ် အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ပင်းတယပြန်/ဆက်