ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးပြီးသူ ယမန်နေ့အထိ စုစုပေါင်း ၅၇၇၉ ဦးရှိပြီဖြစ်

ပင်လောင်း  စက်တင်ဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅) နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရာ ယမန်နေ့အထိ ပြည်သူစုစုပေါင်း ၅၇၇၉ ဦး အားထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေး၀န်ထမ်းများ၊ သက်ဆိုင်ရာ ဆေးထိုးစုရပ်များရှိ တိုက်နယ်ဆေးရုံများမှ ဆရာ၀န်များနှင့် ကျန်းမာရေး၀န်ထမ်းများက အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၁၅၈၇) ဦး၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း (၁၄) ဦး၊ Volunteer/ ပရဟိတ(၆၀၇) ဦး၊ ဘုန်းကြီး/သီလရှင်/ဘာသာရေး ကျောင်းမှ(၁၇၈) ဦး၊ နိုင်ငံဝန်ထမ်း(၅၁၀) ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၃၅၀) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၄၁) ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း (၃၂၅) ဦး၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်း(၆) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း (၁၇၀) ဦး၊ စူပါမတ်ကတ်/စျေးသည်(၁၉၉၁) ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့မှ သြဂုတ် ၆  ရက်နေ့ထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် မိဘပြည်သူ ၆၀၇၄ ဦးတို့အား သြဂုတ်၂၉ ရက် မှ စက်တင်ဘာ ၁၆ရက်နေ့အထိ ပင်လောင်းမြို့ အ.ထ.က(၂)၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၊ တီကျစ် အ.ထ.က၊ ဆောင်းပြောင်း အ.ထ.က၊ ပေါင်းလောင်း တလိုင်းမ အ.ထ.က စသည့် စုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ရာ စုစုပေါင်း(၅၇၇၉) ဦးအားထိုးနှံ ပေးခဲ့ပြီး ဖြစ်ကြောင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ ထံမှသိရသည်။

ထွန်းလင်း(ပင်လောင်း)