သပိတ်ကျင်း စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု့ စက်တင် ဘာလတွင် တစ်ရက်လျှင် (၁၀)ဦးခန့်သာ တွေ့ရှိသည်အထိ လျော့ကျလာကြောင်း ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ တတိယလှိုင်းကာလအတွင်း ဇွန်လကုန်မှ စတင်၍ ရောဂါပိုး တွေ့ ရှိခဲ့ပြီး ဇူလိုင်လတွင် တစ်ရက်တွေ့ရှိမှု (၁၄၄)ယောက်ခန့်ထိ မြင့်တက်ခဲ့ရာ သြဂုတ်လ နှောင်းပိုင်းမှစတင်လျော့ကျလာခဲ့ပြီး စက်တင်ဘာလလယ်တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ တစ်ရက်လျှင်ပျမ်းမျှ (၁၀)ဦးခန့်သာ တွေ့ရှိမှု ရှိတော့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူ၏ ပြောကြားချက် အရ သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါအတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် ဇွန်လ (၃၀) ရက်နေ့မှ စတင်ပြီး စက်တင်ဘာ လ (၁၆)ရက်နေ့အထိ ကိုဗစ်- ၁၉ အတည်ပြုလူနာ (၂၅၀၆)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၃၄၁) ဦးနှင့် သေဆုံးသူ (၅၇)ဦး၊ ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် တက်ရောက်ကုသလျှက်ရှိဆဲ လူနာ (၁၀၈) ဦး ဖြစ်ကာ အောက်ဆီဂျင် အသုံးပြု ရသည့်လူနာ (၁၅) ဦးသာ ရှိသောကြောင့် အောက်ဆီဂျင်အတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။
(စိုးနိုင်ဝင်း)