မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

မြိုင် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက်ပိုင်းတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် အ.ထ.က(၁)မြိုင် အခြေခံပညာ အထက်တန်းကျောင်းနှင့် လက်ယက်မရွာ အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေး လျက်ရှိသည်။

ထို့ပြင်ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန်းထိုက်၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်းထိုးနှံပြီးသူ (၄၁၀၀)ဦးနှင့် တတိယအသုတ်(ပထမ)အကြိမ် ထိုးနှံပြီးစီးသူ (၁၈၅၀)ဦးရှိကြောင်း သိရသည်။

သူရ(ပုံတောင်)